COOL

ဒီ blogလေးကတော့ ♥♥♥ကျွန်တော် ကဗျာတွေနဲ့ သူငယ်ချင်းတွေရဲ့ ကဗျာလေးတွေမျှဝေးခြင်း ဖြစ်ပါတယ်.ကျွန်တော် တို့အားလုံး ကဗျာဆရာတွေတော့မဟုတ်ပါဘူး...♥♥♥

Tuesday, September 9, 2014

SmSbypass

SmSbypass
Android ဖုန်းအသုံးပြုသူတွေအတွက် တကယ် အသုံးဝင်ပြီး ဆောင်ထားသင့်တဲ့ ဆော့ဝဲလေးတခု မျှဝေလိုက်ပြန်ပါပြီ။ မိမိတို့သည် မိမိတို့ Android ဖုန်းရဲ့ pin lock, pattern lock, password lock တို့ကို မကြာခနဆိုသလိုမေ့နေတက်ကြပါတယ်။ ယခု SmSbypass ဆိုတဲ့ဒီဆော့ဝဲလေးက မေ့နေတက်တဲ့ lock တွေကို ဖြေရှင်းပေးနိုင်ပါတယ်။ ဒီဆော့ဝဲလေးထည့်ထားတဲ့ မိမိဖုန်း lock မေ့နေခြင်းကို တခြားသော ဖုန်းကိုအသုံးပြုကာ sms မက်ဆေ့ပို့ခြင်းအားဖြင့် lock ဖြည်နိုင်ပါတယ်။ ဒီဆော့ဝဲလေးကိုအသုံးပြုနိုင်ဖို့ မိမိဖုန်းက rooted ဖြစ်ဖို့တော့လိုပါမယ်။ Store မှာ 3 US$ လောက်ပေးဝယ်ရမဲ့ ဒီအသုံးဝင်ဆော့ဝဲလေးက အားလုံးကို နှစ်သက်ကြစေမှာပါ။ ကဲအသုံးပြုနည်းလေး စ လိုက်ကြရအောင်။
၁။ ။ smsbypass လေးကို install လုပ်ပါ။ root accept မေးရင် allow လုပ်ဖို့မမေ့နဲ့နော်။
၂။ ။ ဆော့ဝဲထဲဝင်လိုက်ပါ။ enable remote password ကိုအမှန်ခြစ်ပါ။ ဒါဆိုရင် လုပ်ငန်းအတွက် အသင့်ဖြစ်ကာပြီးစီးပါပြီ။ ဒီနေရာမှာပြောချင်တာက ဒီဆော့ဝဲရဲ့ မူရင်းပတ်ဝက 1234 ဖြစ်ပါတယ်။ ဒီမူလပတ်ဝကိုမသုံးချင်သူတွေက change secret code မှာဝင်ပြီး ပြောင်းလို့ရပါတယ်။
၃။ ။ ဖုန်းရဲ့ lock တွေမေ့သွားတဲ့ မိမိဖုန်းကို တခြားသောဖုန်းနဲ့ lock ဖြေပါတော့မယ်။ ဆိုပါစို့.. lock မေ့ကာဖွင့်မရတဲ့ ဖုန်းထဲမှာ ၀၉၁၂၃၄၅၆၇၈ ဖုန်းနံပတ်ရှိမယ်။ တခြားသောဖုန်းတလုံးမှ ၀၉၁၂၃၄၅၆၇၈ ဖုန်းနံပတ်ထံသို့
1234 reset
လို့ sms ရေးကာပို့ပေးလိုက်လို့ sms ရောက်တာနဲ့ တပြိုင်နက် အဆိုပါ lock ကျနေတဲ့ဖုန်းမှာ screen lock ပြုပြင်နိုင်မဲ့ setting စာမျက်နှာပေါ်လာပါလိမ့်မယ်။ ဒါဆို password, pin, pattern အစရှိသဖြင့် ပြန်လည် နေရာချကာ ပတ်ဝ အသစ်နဲ့ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ ဒီနေရာမှာ စောစောက change secret code လုပ်ထားသူက 1234 reset နေရာမှာ
မိမိပြောင်းထားတဲ့နံပတ် reset
လို့ရေးကာပို့ရမှာပါ။
ဒေါင်းလုပ်လင့်ခ် ၁ ➳ ➳
https://db.tt/HGiLkVke
ဒေါင်းလုပ်လင့်ခ် ၂ ➳ ➳
https://copy.com/drkIPYstMx89BPXU
ကွန်နက်ရှင် လိုင်းကောင်းသူများ အသုံးပြုပုံ video လေးကြည့်နိုင်ရန်လင့်ခ် ➳ ➳
http://m.youtube.com/watch?v=Bv9H6MJukwQ

No comments:

Post a Comment