COOL

ဒီ blogလေးကတော့ ♥♥♥ကျွန်တော် ကဗျာတွေနဲ့ သူငယ်ချင်းတွေရဲ့ ကဗျာလေးတွေမျှဝေးခြင်း ဖြစ်ပါတယ်.ကျွန်တော် တို့အားလုံး ကဗျာဆရာတွေတော့မဟုတ်ပါဘူး...♥♥♥

Friday, November 30, 2012

မထင်မှတ်ခဲ့ပါဘူး

ဘယ်လောက်လှတဲ့ ပန်းဖြစ်ဖြစ်
လိုချင်တဲ့သူရှိမှလှတာပါ

ဘယ်လောက်တော်တဲ့သူဖြစ်ဖြစ်

အားနည်းချက်လေးတော့ရှိမှာပါ

ဘယ်လောက်မျက်ရည်မကျတတ်ဘူး ပြောပြော

ဝမ်းနည်းမှုလေးတော့ ဖြစ်ဖူးမှာပါ

ဘယ်လောက် ချစ်တတ်တယ်ပြောပြော
တခါတခါ အသည်းလေးက မရည်ရွယ်ဘဲကွဲတတ်ပါတယ်

~~~~~~~~~~~ဒီမှာ ♥ ချစ်သူ ♥ ~~~~~~~~~~

နင့်ကိုယ်ငါ မချစ်ဘူးလို့ နင်ထင်နေတယ်မဟုတ်လား...
နင့်ကိုယ်ငါ လှည့်စားနေတယ်လို့ နင်ထင်နေတယ်
မဟုတ်လား...နင့်ကိုယ်ငါ မလွမ်းဘူးလို့ နင်ထင်နေတယ်
မဟုတ်လား...နင့်ကိုယ်ငါ အေးစက်နေတယ်လို့ နင်
ထင်နေတယ်...မဟုတ်လား နင့်ကိုယ်ငါ အရူးလုပ်နေတယ်
လို့ နင်ထင်ေ
နတယ် မဟုတ်လား...နင့်ကိုယ်ငါတနေ့နေ့မှာ
ထားခဲ့လိမ့်မယ်လို့ နင်ထင်နေတယ် မဟုတ်လား...

~~~~~~~~~~~ဒီမှာ ♥ ချစ်သူ ♥ ~~~~~~~~~~
လွမ်းမောခြင်းတွေကိုယ် ငါ့ရဲ့မျက်ရည်တွေနဲ့
ဖုံးကွယ်ထားတာ နင်မှမသိပဲ...ငါ့အတွက်
ငါ့အတွက် ဆိုပြီး လုပ်နေရင်း နင့်အတွက်ဖြစ်
သွားခဲ့တဲ့ အချိန်တွေ နင်မှ မသိပဲ...ငါ့ရဲ့ရင်ခုန်သံ
တွေက နင်တယောက်တည်းအတွက်ပဲ ဆိုတာ
နင်မှမသိပဲ...ငါ့ရဲ့ မာနတွေ နင့်ခြေရင်းမှာ ခစား
နေတာ နင်မှမသိပဲ...နင်ပြောဖူးတဲ့ အချစ်စစ်ဆိုတာ
ကိုယ် နင့်အတွက် ပေးဆပ်နေတာ နင်မှမသိပဲ
ငါက ငါ့ရဲ့ခန္ဒာကိုယ် ကိုထိလိုက်ယုံနဲ့
♥ နင့်ကိုယ် ချစ်တယ်လို့ ♥ အော်တက်တဲ့
အရုပ်လေးဆိုတာ နင်မှမသိပဲ...ဒါပေမဲ့
ငါဆုတောင်းပါတယ် ချစ်သူ...နင်နားလည်နိုင်
ပါစေလို့ပေါ့....

မကြာခဏ

မကြာမကြာတော့ လွမ်းမိပါရဲ့ နင်နဲ့ ချစ်ခဲ့ဖူးတဲ့
အတိတ်တွေကို

မကြာမကြာတော့ သတိရမိပါရဲ့ ဒီအချိန်ဆို နင်ရော ဘယ်သူကို သတိရနေမလဲလို့

မကြာမကြာတော့ အရင်က နင်ပြောတဲ့ စကားတွေကို
ပြန်တွေးရင် နင်ကိုချစ်မိပါရဲ့

မကြာမကြာတော့ ငါလေ နင်ကို လွမ်းတဲ့စိတ်နဲ့ ငိုမိပါရဲ့

မေ့လို့မရခဲ့ပေါ့

အခြေအနေမပေးလို့ ဝေးခဲ့ရပေမဲ့
ငါ့ရင်ထဲမှာ နင်တယောက်တည်းပါ
ချစ်သူ...

ရက်ကိုယ် လစား လကိုယ်နှစ်စား နှစ်တွေကိုယ်
နာရီစားကာ...ပြက္ကဒိန်တွေတရွက်ပြီး တရွက်သာ
ကုန်သွားခဲ့တယ်...ဒါပေမဲ့ မင်းကိုယ်မေ့မရခဲ့ပါဘူး...

မေ့နိုင်မယ်လို့လဲ ငါမထင်ပါဘူး..ချစ်သူ
ငါလဲ လူထဲကလူတယောက်ပေမို့ ငါချစ်ရတဲ့
နင့်ကိုယ် ပိုင်ဆိုင်ချင်မိတာတော့ အမှန်ပါပဲ..
အခုချိန်မှာ နင်သာကြားမယ်ဆိုရင် ငါအော်ပြီး
ပြောလိုက်ချင်တယ် ချစ်သူ....
နင့်ကိုယ် ငါအရမ်းချစ်တယ်...ရောက်ရပ်အရပ်က
နင့်ငါ့ဆီကိုယ်ပြန်လာခဲ့ပါလို့ပေါ့....

နောင်တ

မထင်မှတ်ပဲ ဆုံတွေ့ခဲ့ရတာဟာ
ကြေကွဲစွာ လမ်းခွဲဖို့လား...ချစ်သူ
ထားခဲ့ရက်သူကိုယ်လဲ..အပြစ်မဆို
ချင်တော့ပါဘူးလေ...ချစ်သူ
နင့်ကိုယ် မုန်းဖို့မပြောနဲ့ မုန်းရမှာ
တောင် ငါကြောက်တယ်...

နင့်ကိုယ် အရမ်းချစ်လို့ နင်အနိုင်ယူ
ချင်တယ်မဟုတ်လား...အနိုင်ယူပါ
အရူံးပေးပါတယ်...ကျန်ခဲ့တဲ့ငါ့နှလုံးသာ
ကတော့ စုတ်ပြတ်သတ်စွာပေါ့...
ချစ်ခဲ့မိတော့လဲ အပြစ်ဆိုတာ မြူမှုန့်
တစက်မှ မမြင်မိပါဘူး...မျက်နှာများတယ်တဲ့
သွေးခွဲစကားတွေပါလေ..ဆိုပြီး နင့်အတွက်
ရပ်တည်ပေးခဲ့တဲ့ အချိန်တွေ နင်မှမသိပဲ...

နင့်ရှေ့မှာအမြဲပြုံးနေတက်တဲ့ ငါက အိပ်ယာ
ဝင်တိုင်း ငါ့မျက်ရည်တွေကိုယ် ခေါင်းအုံးလေး
ပေါ်မှာပဲ သွန်ချခဲ့ရတဲ့ ညတွေနင်မသိခဲ့ဘူး
မဟုတ်လား...နင်ကနင့်ပျော်ရွှင်မှုတခုအတွက်
ငါ့နှလုံးသားတစုံကိုယ် ဖိနပ်တရံလိုသဘော
ထားခဲ့တယ်...မဟုတ်လား...ဒါပေမဲ့ ငါကျေနပ်ပါတယ်
တခုတော့ပြောလိုက်မယ်..ချစ်သူ
နင်အဆင်ပြေမယ်ထင်ခဲ့လို လုပ်ခဲ့တဲ့အပြုမှုတခုဟာ
နင် ဘယ်တော့မှ နောင်တမရပါစေနဲ့..ချစ်သူ

ဝေဒနာထပ်လိုချင်လို့

မင်းက...ကိုယ့်ဘ၀ထဲ...
ခဏပဲဝင်လာပေမယ့်...
ကိုယ့်မှာတော့ တစ်ဘ၀လုံး...
ခံစားမူတွေနဲ့ လွမ်းကျန်ရစ်။
ရေနွေးငွေ့နဲ့တူတဲ့....
ကောင်ငယ်လေးရေ။
ခဏလေးပဲ ဖြစ်ဖြစ်...
ပြန်လာ ကြည့်လှည့်ပါဦး။

copy from venus

မဖြစ်ရပါစေနဲ့ ချစ်သူ

မဖြစ်ရပါစေနဲ့ ချစ်သူ....:(
ကောင်မလေး လိုချင်ကတာ လက်ထပ်လက်စွပ် လှလှလေး
ကောင်းလေး ပေးတာက အရုပ်ကလေး တရုပ်ပေါ့...
ကောင်းမလေးက စိတ်ဆိုးသွားတယ်...လိုချင်တာက လက်စွပ်
ပေးတာက အရုပ်..ဒါနဲ့ စိတ်တို
ပြီး ကောင်မလေးက အရုပ်ကိုယ်
လွှင့်ပစ်လိုက်တယ်..အရုပ်ကလေးက ကားလမ်းမပေါ်ကျသွားတယ်
ကောင်လေးက အရုပ်ကိုယ် ပြေးကောက်ချိန်မှာ...အရှိန်ပြင်းစွာ မောင်း
လာတဲ့ ကားတစ်စီးနဲ့ တိုက်မိပြီး ကောင်လေး ပွဲချင်းပြီးသေသွားခဲ့တယ်...

ကောင်လေးရဲ့ နာရေး(အသုဘ)မှာ ကောင်မလေးက အရုပ်ကလေးကိုယ်
တအားပိုက်ပြီး ငိုခဲ့တယ်...အဲဒ်ီမှာပဲ အရုပ်လေးထဲက အသံလေးထွက်လာ
ခဲ့တယ်...“ကောင်မလေးရယ်..နင့်ကိုယ်ငါ လက်ထပ်ပါရစေ” ဆိုပြီးပေါ့...
နောက်ပြီး..ကောင်မလေး အရမ်းလိုချင်နေတဲ့ လက်စွပ်လေးတကွင်းပါ
အရုပ်လေးထဲက ထွက်လာခဲ့တယ်...အရာအားလုံး နောက်ကျသွားပြီ....:'(