COOL

ဒီ blogလေးကတော့ ♥♥♥ကျွန်တော် ကဗျာတွေနဲ့ သူငယ်ချင်းတွေရဲ့ ကဗျာလေးတွေမျှဝေးခြင်း ဖြစ်ပါတယ်.ကျွန်တော် တို့အားလုံး ကဗျာဆရာတွေတော့မဟုတ်ပါဘူး...♥♥♥

Friday, November 30, 2012

အရင်လို့ပါပဲ

ချစ်သူ မင်းမေးတယ်နော်
အရင်လိုမချစ်တတ်တော့တာလား
အချစ်ကိုလေးလေးနက်နက်မထားတတ်တော့တာလား
လူတစ်ယောက်လှည့်စားခဲ့လို့
နောက်တစ်ယောက်လည်း အဲ့လိုပဲ ထင်နေတာလားတဲ့
ချစ်သူ
အရင်လို မချစ်တတ်တော့တာမဟုတ်ပါဘူး
အရင်ထက်ပိုနက်ရှိုင်းတဲ့ခံစားမှုမျိုး မင်းနဲ့တွေ့မှ ခံစားခဲ့ရတာပါ
အချစ်ကို လေးလေးနက်နက်မထားတတ်တော့တာမဟုတ်ပါဘူး
ပါးစပ်ကချစ်တယ်ပြောနေတာထက် လက်တွေ့ချစ်တာကိုပဲ လိုချင်မိနေလို့ပါ
အချစ်ရဲ့နက်ရှိုင်းမှုကို မင်းနဲ့တွေ့မှ သိခဲ့ရတာပါ
အပျံသင်စ စာသူငယ်ကိုခဲမှန်ဖူးသလို
ချစ်တတ်စ အချစ်တစ်ခုကို လှည့်ဖျားခံလိုက်ရတဲ့ လူတစ်ယောက်
နောက်လှည့်ဖျားခံရမှာကို ကြောက်နေတတ်လို့ပါ
ဒါပေမယ့်
မင်းနဲ့တွေ့ချိန်ယုံကြည်မှုတွေအသက်ပြန်ဝင်လာခဲ့တာကို
မမြင်မစောင်းချင်ပါနဲ့ချစ်သူရယ်
ငါ့အချစ်ကိုပေါ့ပျက်ပျက်လို့မထင်ပါနဲ့
ငါ့ရင်ထဲမှာ မင်းတစ်ယောက်တည်းနဲ့ အချစ်တွေပြည့်နှက်နေတာပါ
မင်းကိုအ၇မ်းချစ်နေတာ မင်းတစ်ယောက်သိနိုင်ပါစေ
ငါ့အချစ်ကို နားလည်ပေးနိုင်ပါစေချစ်သူရယ်...

No comments:

Post a Comment