COOL

ဒီ blogလေးကတော့ ♥♥♥ကျွန်တော် ကဗျာတွေနဲ့ သူငယ်ချင်းတွေရဲ့ ကဗျာလေးတွေမျှဝေးခြင်း ဖြစ်ပါတယ်.ကျွန်တော် တို့အားလုံး ကဗျာဆရာတွေတော့မဟုတ်ပါဘူး...♥♥♥

Friday, November 30, 2012

အချစ်ကို ကစားတဲ့သူတွေကို မုန်းတယ်ကွာ

နင့်ခံစားချက်ကို ရှေ့တန်းတင်
ငါ့ခံစားချက်ကို လှစ်လျှုမရှုပါနဲ့လား ချစ်သူရယ်

တစ်ခါတစ်လေ ငါ့ရင်ထဲကခံစားချက်ကိုဖုံးကွယ်
အပြုံးမပျက်နေပေးတဲ့အချိန်တွေရှိတယ်

တစ်ခါတစ်လေ ငါ့ရင်ထဲကနာကျင်မှုကိုဖုံးကွယ်
နင့်ကို လိမ်ခဲ့ရတာတွေရှိတယ်

တစ်ခါတစ်လေ ငါ့ခံစားချက်ကိုလျစ်လျှူရှု

နင့်ကိုပဲ ဦးစားပေးခဲ့ရတာတွေရှိတယ်

တစ်ခါတစ်လေ ငါ့ရင်ထဲဝင်ကြည့်စေချင်တယ်
ငါ့အချစ်တွေ နင့်ကို မြင်စေချင်တယ်
ငါနင့်ကို ဘယ်လောက်ချစ်ကြောင်း
နင့်ကို အရမ်းသိစေချင်တယ်
ငါ့ရင်ခွဲပြီး ပြလို့ရရင် ငါ့အချစ်တွေ နင့်ကို ပြချင်ပါတယ် ချစ်သူရယ်...................................................

1 comment: